Thursday, June 19, 2008

ဗလာအားစောင့်သိသော ကျွန်နုပ်

ဗလာအားစောင့်သိသော ကျွန်နုပ်

အဲဒီလိုနဲ့
ကောင်းကင်ကို ခမောက်လိုဆောင်းရင်း
တိမ်တွေစင်တာတောင်
ငါ့ညက လမသာခဲ့သလို
ဘယ်ခွေးမှ ကာရံမညီခဲ့ပြန်

ကောင်းကင်နက်နက်က
ကြယ်တွေ ခုန်ဆင်းကြပေမယ့်
အလင်းတစ်စက်မှ
ငါ့ရင်မှ မခိုလုံကြဘူး

နောက်ကျော
မြေကြီး မိတ်ဖွဲ့ခြင်းမှာ
သစ်ခြောက်ပင်တို့သာ
ဂရုတစိုက် နားထောင်ပေးကြတယ်

လေနီကြမ်းရဲ့ ၀တ်ရုံထက်က
ငါ့အတွေးတွေ
မင်ရဲ့အလှမှာ ခစားနေတတ်လို့
ငါ့နှလုံးသားအတွက်
ဓါးမြှောင်တစ်ချောင်း
ချီးမြှင့်ထားလိုက်တယ်


ကေ.တီ.အမ်

4 comments:

Anonymous said...

မိုက်တယ် .. အလှအပတွေနဲ့သိုင်းဝိုင်းထားလိုက်တာ.. ကောင်းကင်ကကြယ်က ကမ္ဘာမြေမှာပါ လင်းနေသလို။

ကျွန်ုပ်

ကေ.တီ.အမ် said...

ကျေးဇူးပါကိုတည်ရ ...
တကယ်ကောင်းတဲ့ စာသားလေးတွေပါ...
ကြိုးစားမှာပါ...

ကေ.တီ.အမ်

ညိမ်းညို said...

အကိုရေ ကဗျာဆိုဒ်တခုတွေ့ရလို့ ၀မ်းသာတယ်ဗျ။ အမြဲလာဖတ်မယ်ဗျို့ ။ ပျော်ရွှင်ပါစေခင်ဗျာ :)

thinzar said...

ငါ့နှလုံးသားအတွက်
ဓါးမြှောင်တစ်ချောင်း
ချီးမြှင့်ထားလိုက်တယ်

စာသားလေးကိုကြိုက်တယ်....