ငါ၏ ဗိမာန်
ကမ္ဘာကိုပတ်တာ ... အခေါက်အခါ မရေ မတွက်ချက်နိုင်အောင်ပါ
နောက်ဆုံးတော့လည်း ... ဒီနေရာလေးကိုပဲ ဖက်တွယ်နေမိခဲ့ အရိုင်းအစိုင်းစိတ်
အီဂျစ်က ပိရမစ်ကြီးတွေပေါ်မှာ နားမယ့် ခရီးစဉ်တွေ
မာမ်မီတွေနဲ့ ညစာစားပွဲတွေကိုပါ အကြိမ်ကြိမ်ဖျက်ပစ်ရင်းပေါ့
ဝေဒနာတွေကလည်း ပုံစံမျိုးစုံနဲ့ ဆန်းသစ်ခဲ့ရတယ် ... နာကျင်မှုကတော့ မင်းနဲ့ ဝေးသွားရတဲ့နေ့ကအတိုင်းပါပဲ
မင်းပြောပြသွားခဲ့တဲ့ ပန်းပွင့်ကလေးတွေအကြောင်း ... ကြယ်ပွင့်ကလေးတွေ ကြွေကျသွားတဲ့အကြောင်း ... လှပနေကြတာမြင်တွေ့ရပေမယ့်
နာလိုစိတ်တွေ ယနေ့တိုင်လက်ပြနှုတ်ဆက် ... နှလုံးသားမှာ မြွေပွေးအကောင်ပေါင်းများစွာ မွေးမြူရင်း
ကွဲအက်ကြွေမွသွားတဲ့ အပိုင်းအစလေးတွေ... လိုက်ဆက်နေရတာကိုက .. ငါ့ဘ၀ရဲ့ ရသတဲ့လား ...
နိမ့်မြင့်တက်ကျ ဘ၀ကို မြတ်နိုးတန်ဖိုးထားပေမယ့် ... အမြဲတမ်း အနိမ့်ဖက်မှာပဲ ကျက်စားနေရတော့
ဖုန်တွေသာအလိပ်လိပ်ထ .. အခါခါခုန်နေရတဲ့ ခြေထောက်တွေလည်း နာကျင်နေပါပြီ ...
ဒီအနာကတော့ တစ်သက်စာလုံးအတွက် မင်းပေးသွားတဲ့ ကျိန်စာငယ်လေးတစ်ပုဒ်ပါ ...
ခြေရာတွေနောက် လမ်းစပြန်ကောက်ကြည့်တော့ ... ငါဖက်တွယ်နေတာ .. ဒီနေရာလေးပါပဲ ...
ကေ.တီ.အမ်
Friday, October 2, 2009
Subscribe to:
Posts (Atom)