ကြွေလွန်ခဲ့သော ဖဲချပ်တစ်ချပ်
မင်းထိုးခဲ့တဲ့
စစ်တုရင်ကစားဝိုင်းမှာ
ခြေအစုံချဖို့အတွက်
နေရာလေးတစ်ခု ရှိနေတာကို
ကျေနပ်နေခဲ့သူပါ ...
ဒီလိုသာနေခဲ့ရင်း
နာရီတွေသာ ခရီးလွန်ခဲ့တယ်
ငါက
ပူကျစ်တောက်ပတဲ့ နေကို
အံတုရဲခဲ့တဲ့ နှင်းစက်တွေလိုမျိုး ...
နောက်ထပ်
ငါ့အတွက် ဘာကစားကွက်မှ
မလိုအပ်တော့ပါဘူး
အသည်းကို အစားခံဖို့
ဘ၀က လည်မျိုမှာ ဓါးရာအထပ်ထပ်နဲ့
ငါ့လက်ထဲက ဖဲချပ်ဟာလည်း
ပြာကျ ကြွေလွင့်ခဲ့နှင့်ပေါ့ ...
ကေ.တီ.အမ်
(၂၃း၃၄၊ ၂၄.၀၁.၂၀၀၉)
Sunday, January 25, 2009
Tuesday, January 20, 2009
လရိပ်တိုးဝင်လာသော်လည်း
လရိပ်တိုးဝင်လာသော်လည်း
မျက်စိနှစ်လုံး စဖွင့်
မြင်ကွင်းဟောင်းနှင့်
ခုန်ဆင်းပြေးသွားသော
သက်လေပြင်းပြင်း
သတင်းစာကောက်ကိုင်တော့
ပိုထူးမလာတဲ့စာသားတွေနဲ့
( )ထဲက နှစ်ထက်မပိုသော
ကိန်းဂဏန်းများစွာ
ပြောစရာမရှိတာက
ရင်းနှီးပြီးသား
အကြမ်းတိုနှင့်
နှုတ်ခမ်းမည်းမည်း
ထီမထိုးထားပေမယ့်
အသိပေးကြေငြာချက်နဲ့
စိတ်တိုတတ်သော ဖိနပ်စုတ်
စနားထောင်ဖြစ်တဲ့ သီချင်းတစ်ပုဒ်က
Submersed ရဲ့ An Artist Prayer
တစ်နေ့တာအတွက်
ပိုက်ဆံမကုန်သော
လောဘ၊ ဒေါသများဝယ်ယူ
ယမမင်းနှင့် နှုတ်ဆက်ရန်
စကားများရှာဖို့မေ့
ဖယောင်းစက်လိုကျနေတဲ့
အချိန်တွေလိုက်ကောက်ရင်း
အဲဒီလိုနဲ့ပဲ
ညဉ့်အသစ်တစ်ခုတော့ရောက်
သွားတိုက်ထားသော်ငြား
မစင်ကြယ်သော ဒီပါးစပ်အိုကြီးက
ကောင်းသောညပါ
ကေ.တီ.အမ်
မျက်စိနှစ်လုံး စဖွင့်
မြင်ကွင်းဟောင်းနှင့်
ခုန်ဆင်းပြေးသွားသော
သက်လေပြင်းပြင်း
သတင်းစာကောက်ကိုင်တော့
ပိုထူးမလာတဲ့စာသားတွေနဲ့
( )ထဲက နှစ်ထက်မပိုသော
ကိန်းဂဏန်းများစွာ
ပြောစရာမရှိတာက
ရင်းနှီးပြီးသား
အကြမ်းတိုနှင့်
နှုတ်ခမ်းမည်းမည်း
ထီမထိုးထားပေမယ့်
အသိပေးကြေငြာချက်နဲ့
စိတ်တိုတတ်သော ဖိနပ်စုတ်
စနားထောင်ဖြစ်တဲ့ သီချင်းတစ်ပုဒ်က
Submersed ရဲ့ An Artist Prayer
တစ်နေ့တာအတွက်
ပိုက်ဆံမကုန်သော
လောဘ၊ ဒေါသများဝယ်ယူ
ယမမင်းနှင့် နှုတ်ဆက်ရန်
စကားများရှာဖို့မေ့
ဖယောင်းစက်လိုကျနေတဲ့
အချိန်တွေလိုက်ကောက်ရင်း
အဲဒီလိုနဲ့ပဲ
ညဉ့်အသစ်တစ်ခုတော့ရောက်
သွားတိုက်ထားသော်ငြား
မစင်ကြယ်သော ဒီပါးစပ်အိုကြီးက
ကောင်းသောညပါ
ကေ.တီ.အမ်
Labels:
ဂီတ
Sunday, January 4, 2009
ပင့်ကူတစ်ကောင်၏ အထုပ္ပတ္တိ
ပင့်ကူတစ်ကောင်၏ အထုပ္ပတ္တိ
ပင့်ကူသည် ပင့်ကူတစ်ကောင်ဖြစ်သည်။
နေထိုင်သောအရပ်ဝန်းကျင်သည်လည်း ပင့်ကူတစ်ကောင်နေထိုင်သော အရပ်ဒေသကဲ့သို့ဖြစ်သည်။
ရှာဖွေစားသောက်ခြင်းများသည်ကား ပင့်ကူတစ်ကောင်အတိုင်း ကျင့်ကြံစားသောက်သည်။
ပင့်ကူတွင်မူ … အခန်းထောင့်တွင်ရှိ ဖုန်အလိပ်လိပ်ထ၊ အမျှင်အတန်းများ ရစ်ပတ်နှောင်ဖွဲ့သော ဦးနှောက်မျိုးသာရှိသည်။
...
သို့သော် ပင့်ကူတွင် … တုတ်တစ်ချောင်းရှိသည်။
ပင့်ကူသည် လူအမြင်ကပ်အောင်လည်း နေတတ်သည်။
ပင့်ကူသည် ခြေများသောကြောင့် ခေါင်းပေါင်းများစွာလည်း နင်းခဲ့၊ ဖောက်ခဲ့ဖူးသည်။
...
ယခုအခါ ပင့်ကူတွင် အတောင်တပ်ခြင်းခံရသည်။
ပင့်ကူပျံသန်းနေရသော အရပ်ဒေသများသည် ပင့်ကူနှင့်လားလားမျှ မသက်ဆိုင်။
သို့သော်ငြား ပင့်ကူ၏ နောက်တွင် တုတ်တစ်ချောင်းမကရှိသည်။
ပင့်ကူသိသည်။ ပင့်ကူ ပျံရမည် သန်းရမည်။
ပင့်ကူ၏ နေ၀င်ချိန် မရောက်သရွေ့ ပင့်ကူ တောင်ပံများနှင့်သာ အချိန်ကုန်ရမည်။
...
ပင့်ကူ ...

ကျွန်တော်နှင့်စာသားများ
သုည မှ သုည အတွင်း
သုည မှ သုည အတွင်း
တစ်ယောက်တည်း နေ
တစ်ယောက်တည်း စား
တစ်ယောက်တည်း ငါးခုံးမ
တစ်ယောက်တည်း ငါခုံးမ
တစ်ယောက်တည်း စား
တစ်ယောက်တည်း နေ
ကေ.တီ.အမ်
တစ်ယောက်တည်း နေ
တစ်ယောက်တည်း စား
တစ်ယောက်တည်း ငါးခုံးမ
တစ်ယောက်တည်း ငါခုံးမ
တစ်ယောက်တည်း စား
တစ်ယောက်တည်း နေ
ကေ.တီ.အမ်
Labels:
ကျွန်တော်နှင့်စာသားများ
Subscribe to:
Posts (Atom)