Showing posts with label ဂီတ. Show all posts
Showing posts with label ဂီတ. Show all posts

Sunday, March 22, 2009

ကျွန်တော်နှင့် ရောင်စုံဘောလုံး အပိုင်းအစများ

ကျွန်တော်နှင့် ရောင်စုံဘောလုံး အပိုင်းအစများ

ကျွန်တော် ပို့စ်အသစ် မတင်နိုင်တာကြာလှပါပြီ ... သုံးစားမရတဲ့ ဦးနှောက်ကလည်း ပင့်ကူမျှင်တွေ ရစ်ပတ်ပြီး ဘာအကြောင်းအရာမှ ထွက်မလာတော့ပါဘူး ... မြောင်းထဲမှာ ကျက်စားနေကျ ရောင်စုံဘောလုံးတွေလည်း အိပ်မက်ကနေ နိုးထလာခဲ့ပါပြီ... အသေချာဆုံးတစ်ခုက အနုပညာကို ၀ါသနာပါရုံမှတပါး၊ ခံစားတတ်ရုံမှတပါး အခြားမရှိတော့ပါဘူး ...

ဂစ်တာတီးခြင်းကို ပြင်းပြင်းပြပြ ၀ါသနာပါခဲ့ပေမယ့် ဦးစားပေးသင့်သော အမျိုးစုံလှသော ခေါင်းစဉ်တွေကြားမှာ ဘယ်လိုဂစ်တာမျိုးမှ ဖုန်တက်ခွင့် မရခဲ့၊ ဘယ်လို ၆ကြိုးမျိုးမှ သံချေးတက်ခွင့် မရခဲ့ပါဘူး ...

နောက်ဆုံးတော့ နှာစေးနေတဲ့ ကွန်ပျူတာကို ပြုစုရင်း၊ သေနေတဲ့ အကြောတွေက Keyboard နဲ့ Mouse ပေါ်မှာ လှုပ်ရှားရင်းနဲ့ မြောင်းထဲမှာ ပျော်ပါး ကျက်စားချင်ကြတဲ့ ရောင်စုံဘောလုံး အပိုင်းအစများ ညတိုင်းလိုလို အိပ်မက် မက်ဖူးခဲ့ပါတယ် ...

ပထမဆုံး စမက်ဖူးခဲ့တဲ့ ရောင်စုံဘောလုံး အိပ်မက်တစ်ခုပါ
Say Hello Here!

နောက်ပိုင်းမှာတော့
Draggin' My Soul

The Sinners

ကေ.တီ.အမ်

Tuesday, January 20, 2009

လရိပ်တိုးဝင်လာသော်လည်း

လရိပ်တိုးဝင်လာသော်လည်း

မျက်စိနှစ်လုံး စဖွင့်

မြင်ကွင်းဟောင်းနှင့်
ခုန်ဆင်းပြေးသွားသော
သက်လေပြင်းပြင်း

သတင်းစာကောက်ကိုင်တော့
ပိုထူးမလာတဲ့စာသားတွေနဲ့
( )ထဲက နှစ်ထက်မပိုသော
ကိန်းဂဏန်းများစွာ

ပြောစရာမရှိတာက
ရင်းနှီးပြီးသား

အကြမ်းတိုနှင့်
နှုတ်ခမ်းမည်းမည်း


ထီမထိုးထားပေမယ့်
အသိပေးကြေငြာချက်နဲ့

စိတ်တိုတတ်သော ဖိနပ်စုတ်
စနားထောင်ဖြစ်တဲ့ သီချင်းတစ်ပုဒ်က
Submersed ရဲ့ An Artist Prayer

တစ်နေ့တာအတွက်
ပိုက်ဆံမကုန်သော
လောဘ၊ ဒေါသများဝယ်ယူ

ယမမင်းနှင့် နှုတ်ဆက်ရန်
စကားများရှာဖို့မေ့
ဖယောင်းစက်လိုကျနေတဲ့
အချိန်တွေလိုက်ကောက်ရင်း

အဲဒီလိုနဲ့ပဲ
ညဉ့်အသစ်တစ်ခုတော့ရောက်

သွားတိုက်ထားသော်ငြား
မစင်ကြယ်သော ဒီပါးစပ်အိုကြီးက
ကောင်းသောညပါ

ကေ.တီ.အမ်


Tuesday, September 16, 2008

ကိုလေးဖြူ ရဲ့ နေခြည် (ဆိုလို)၊ ကိုဂီတဘလဒ်

ကိုလေးဖြူ ရဲ့ နေခြည် (ဆိုလို)၊ ကိုဂီတဘလဒ်

ကိုဂီတဘလဒ်(GuitaBlood) ပေးတဲ့ ကိုလေးဖြူ - နေခြည်သီချင်းရဲ့ Guitar Pro Tab ပါ ...
မူရင်းကတော့ Marty Friedman ရဲ့ True Obsessions Album ထဲက Hands Of Time ဆိုတဲ့ သီချင်းလေးပါ ... Guitar Pro Tab ကတော့ Website တွေမှာလည်း မရှိပါဘူး ...

Guitar Pro Software မရှိတဲ့သူတွေအတွက်ကတော့ ဓါတ်ပုံတင်ထားပါတယ်


Guitar Pro Software ရှိသူများအတွက် Guitar Tab က ဒီမှာပါ။
မူရင်းသီချင်းကို ခံစားချင်သူများအတွက်ကတော့ ဒီမှာခံစားနိုင်ပါတယ်

ကေ.တီ.အမ်

Wednesday, August 13, 2008

ကိုလေးဖြူရဲ့ မင်းနဲ့ကိုယ်ရဲ့အကြောင်း

ကိုလေးဖြူရဲ့ မင်းနဲ့ကိုယ်ရဲ့အကြောင်း

ကျွန်တော် ဂစ်တာတဘ်ကို တစ်ပုဒ်လုံးအပြည့်မရေးဖူးပါဘူး။ အင်ထရို ဒါမှမဟုတ် ဆိုလို လောက်ပဲရှာပြီး ရေးတာမျိုးပဲ ရှိပါတယ်။ အခုကတော့ ပထမဆုံးရေးတာလို့ပြောလို့ရတယ်။ ပို့စ်မတင်တာကလည်း တော်တော်ကို ကြာနေပါပြီ။ ကျွန်တော်ရှာပြီးရေးထားတဲ့ ကိုလေးဖြူရဲ့ အိပ်မက်ကဗျာ အယ်လ်ဘမ်ထဲက မင်းနဲ့ကိုယ်ရဲ့အကြောင်း သီချင်းလေးပါ။

Notes Duration တွေကိုတော့ အတတ်နိုင်ဆုံး နီးစပ်အောင်ရှာထားတာပါ။ အဓိက ရှာမိတာကလည်း Picking နဲ့ Solo ကိုပဲ ရှာမိတာပါ။ နောက်ပိုင်း Ending မှာလိုက်ထားတဲ့ Solo အလုံးလေးတွေကိုတော့ တိတိကျကျ မရှာချင်တော့တာနဲ့ ကိုယ်တိုင် စိတ်ထဲမှာပေါ်လာတဲ့ အလုံးလေးတွေပဲထည့်ထားပါတယ်။ အမှားအယွင်းတွေကတော့ ၀ါသနာရှင် တစ်ယောက် ဖြစ်လို့ ပါနေဦးမှာပါ။ အဲဒါလေးတစ်ခုတော့ နားလည်ပေး စေချင်ပါတယ်။

ဂစ်တာရောင်းရင်းများအတွက် ကုန်ကြမ်းလေး ပံ့ပိုးခွင့် ရသွားတယ်ဆိုရင်ကိုပဲ ကျေနပ်ပါတယ်။ Guitar Pro Software မရှိသူများ အတွက်တော့ ဓါတ်ပုံတင်ထားပါတယ်။ Guitar Pro Software ရှိသူများအတွက်ကတော့ Pro Tab ကို တင်ထား ပါတယ်။

ဓါတ်ပုံယူမယ်ဆိုရင်တော့ ဒီမှာပါ
Guitar Pro Tab ယူမယ်ဆိုရင်တော့ ဒီမှာပါ

ကေ.တီ.အမ်

Monday, July 21, 2008

ကိုအငဲရဲ့ Unplugged မူရင်း အယ်လ်ဘမ်ပါ။

ကိုအငဲရဲ့ Unplugged မူရင်း အယ်လ်ဘမ်ပါ။



သီချင်းတွေကို ယူမယ်ဆိုရင်တော့ဒီမှာပါ

ကေ.တီ.အမ်

Thursday, July 17, 2008

ကိုအငဲရဲ့ ၀ိဥာဉ်များနှင့်ကခုန်ခြင်း အင်္ဂလိပ်မူရင်း အယ်လ်ဘမ်ပါ

ကိုအငဲရဲ့ ၀ိဥာဉ်များနှင့်ကခုန်ခြင်း အင်္ဂလိပ်မူရင်း အယ်လ်ဘမ်ပါ

ကျွန်တော့်ဆီမှာရှိတဲ့ IC က ကိုလေးဖြူ၊ ကိုအငဲ၊ ကိုမျိုးကြီးတို့ရဲ့ အင်္ဂလိပ်မူရင်းသီချင်းတွေ ဆက်တိုက်တင်သွားမှာပါ။ တစ်ချို့အယ်လ်ဘမ်တွေမှာ ကျွန်တော်မသိတဲ့ သီချင်းတွေလည်းရှိပါတယ်။ ကိုယ်သိတဲ့ သီချင်းဆိုရင်တော့ Cbox မှာ အဆိုတော်နာမည်နဲ့ သီချင်းနာမည်လေး ဝေမျှပေးကြပါ။ ကျွန်တော်ကိုယ်တိုင်ပဲ ရှာလိုက်ပါ့မယ်။

အခုကတော့ ကိုအငဲရဲ့ ၀ိဥာဉ်များနှင့်ကခုန်ခြင်း မူရင်းအယ်လ်ဘမ်ပါ။

01.Mr.Big - Wild World
02.Mr.Big - The Whole World's Gonna Know
03.Michael Schenker Group - Love Is Not A Game
04.House Of Lords - Love Don't Lie
05.Bryan Adams - Kids Wanna Rock
06.House Of Lords - Jealous Heart
07.Savatage - Gutter Ballet
08.Roxx Gang - No Easy Way Out
09.Styx - Show Me The Way
10.Rainbow - Street Of Dreams
11.Gary Moore - Walking By Myself
12.The Outfield - Talk To Me
13.Bad English - Time Stood Still
14.Jetboy - Stomp It Down To The Bricks
ဂစ်တာသမားများအတွက် Website မှာရှာလို့ရတဲ့ Guitar Pro Tab တွေတင်လိုက်ပါတယ်။ ဂစ်တာတဘ်တွေ ယူမယ်ဆိုရင်တော့ ဒီမှာပါ

ကေ.တီ.အမ်

Tuesday, July 1, 2008

Joe Satriani - Professor Satchafunkilus And The Musterion Of Rock(2008)

Joe Satriani - Professor Satchafunkilus And The Musterion Of Rock(2008)

Joe Satriani (Joseph “Satch” Satriani) ဆိုတာနဲ့ ဂစ်တာတီးတဲ့သူတိုင်းလိုလို သိနေကြမယ်ဆိုတာ တွေးကြည့်နေဖို့ မလိုတော့ပါဘူး။ Joe ကို ၁၅ ဇူလိုင် ၁၉၅၆ခုနှစ် Westbury, New York, U.S မှာမွေးဖွားခဲ့ပါတယ်။ Guitarist တစ်ယောက်ဖြစ်သလို Former Guitar Instructor တစ်ယောက်လည်းဖြစ်ပါတယ်။ Joe အကြိုက်ဆုံး Guitarists တွေကတော့ Jimi Hendrix, Jimmy Page နဲ့ Jeff Beck တို့ပဲဖြစ်ပါတယ်။ Joe အသုံးပြုတဲ့ ဂစ်တာကတော့ သူ့ကိုယ်ပိုင် Signature ဖြစ်တဲ့ Ibanez အမျိုးအစား JS Series ဂစ်တာတွေပါ။ Amplifier ကလည်း Joe Signature amp: the Peavey JSX ပဲဖြစ်ပါတယ်။ Joe ရဲ့ ပထမဦးဆုံး Album (Not of This Earth) ကတော့ ၁၉၈၆ခုနှစ် မှာထွက်ခဲ့တာဖြစ်ပြီး Instrumental rock အမျိုးစားတွေကို တီးခတ်ခဲ့တာပါ။
Read More

Joe ရဲ့ ဖန်တီးမှုဖြစ်တဲ့ နောက်ဆုံး 2008 Album(Professor Satchafunkilus and the Musterion of Rock)ပါ။
ဂစ်တာရောင်းရင်းများ၊ Instrumental Rock ကြိုက်သူများအတွက် တင်ပေးလိုက်ပါတယ်။



ကေ.တီ.အမ်

Friday, June 27, 2008

ဖွဲမီး(ကိုလေးဖြူ)

ဖွဲမီး(ကိုလေးဖြူ)

ကျွန်တော် Guitar ကို ကြွက်လျှောက်သလောက်ပဲရတာပါ။ သင်တန်းတွေလည်းမတက်ဖူးပါဘူး။ အခြေခံလည်းမရှိပါဘူး။ သေချာတာနောက်တစ်ခုကလည်း ဂစ်တာတောင်မရှိပါဘူး။ ကျွန်တော် Guitar Pro Software ကိုဂစ်တာအဖြစ် အဖော်ပြု နေတာကြာခဲ့ပါပြီ။

သူငယ်ချင်း မိုးဆက် ဆီရောက်တုန်းက ဂစ်တာလေးနဲ့ကြုံကြိုက်လို့ ဖွဲမီး Intro လေးရှာဖြစ်ခဲ့တယ်။ Guitar Pro Tab ကတော့ အခုမှရေးလိုက်တာပါ။ အခြေခံမရှိတော့ နောက်ပိုင်းတွေက ရှာဖို့ပိုဝေးသွားတာပေါ့။ Intro တောင် တော်တော် ရှာလိုက်ရပါတယ်။ Guitar ရောင်းရင်းများအတွက် အကြမ်းထည်လေးပဲဖြစ်ဖြစ် အထောက်အကူပြုအောင် ကျွန်တော် တင်လိုက်တာပါ။ မသေချာ မရေရာမှုတွေ အများကြီးပါတဲ့ ကျွန်တော့်ရဲ့ မှားယွင်းမှုကို ခွင့်လွှတ်နားလည်ပေးစေလိုပါတယ်။

Software မရှိသူများအတွက် ဓါတ်ပုံနဲ့လည်း တင်ပေးလိုက်ပါတယ်




ဖွဲမီး Intro(ကိုလေးဖြူ)Guitar Pro Tab

ကေ.တီ.အမ်

Saturday, June 21, 2008

ဆပ်ပြာကုန်နေသဖြင့် ၀ဲပေါက်မှာစိုး

ဆပ်ပြာကုန်နေသဖြင့် ၀ဲပေါက်မှာစိုး

စာလုံးပေါင်းရုံသာသိသော ဂီတကျောင်း
ထိုဂီတသတ်ပုံများတွင်
အာရှနုတ်စ် ၁ မှ ၇ ထိပါ
အင်တာနေရှင်နယ်တွင်မူ
ပဲပင်ပေါက်မျိုးရှိသည်ကို မြင်တွေ့ခဲ့ဖူး

သီချင်းတော့မဆိုတတ်ပါ
ဟာမိုနစ်မရသော
အင်စတုမန့်တ် တစ်ခုခုမျှ
မတီးတတ်သော

ငွေထုပ်ဖင်ခု ခေါင်းစဉ်တပ်
အဆိုတော်(အဆိုကိုတော်ရန် သင့်တော်သောသူ)များကို
ကြိုက်နှစ်သက်လို့မနေပါ

ကိုယ်ပိုင်သံစဉ်တွေတော့
ပါးစပ်ဟ အန်ထွက်ကုန်

ကလေးငယ်တို့အတွက်
ရောင်စုံဘောလုံးသီချင်းများ

ဟောင်းနွမ်းပြီထင်ပါရဲ့
သီချင်းအစားထိုးကုဖို့ အချိန်တန်လေပြီ
ကော်ပီများလည်း လမ်းဘေးခွေးလေ
ခွေးလွင့်များဖြင့်ပလူး၍မနေခဲ့


မော်ဒန်များဘောင်ခတ်ထားခြင်းကို အားပေးခြင်း
အမှိုက်တောင်းထဲမရောက်သော
ရီရယ်လိုက်စင်များအား

တုတ်တစ်ချောင်းဖြင့် မွှေနှောက်ရှာဖွေခြင်း

မမြင်ဘူးသော နတ်ဆိုးရုပ်ကိုဆွဲသော
လက်ကိုလေးစားအံ့

မကြားဘူးသော ကိုယ်ပိုင်သံစဉ်တီးသော
လက်ကို လေးစားအံ့


ဒီမယ် မော်ဒန်ကောင်
ဒီမယ် ရီရယ်လ်လိုက်စင်ကောင်

သင်၏လက်သည် စုတ်တံကိုင်သောလက်
သင်၏လက်သည် ဂစ်တာကိုင်သောလက်
ရော့ ဒါလူတိုင်းမြင်ဘူးသော ခွေး
ရော့ ဒါကမ္ဘာကျော် Steve Vai ရဲ့ Notes
"For The Love Of God"

ဒီမှာပါသီချင်းယူမယ်ဆိုရင်တော့။ Guitar Pro Tab ကတော့ ဒီမှာပါ

ကေ.တီ.အမ်