ကျွန်တော်နှင့် ရောင်စုံဘောလုံး အပိုင်းအစများ
ကျွန်တော် ပို့စ်အသစ် မတင်နိုင်တာကြာလှပါပြီ ... သုံးစားမရတဲ့ ဦးနှောက်ကလည်း ပင့်ကူမျှင်တွေ ရစ်ပတ်ပြီး ဘာအကြောင်းအရာမှ ထွက်မလာတော့ပါဘူး ... မြောင်းထဲမှာ ကျက်စားနေကျ ရောင်စုံဘောလုံးတွေလည်း အိပ်မက်ကနေ နိုးထလာခဲ့ပါပြီ... အသေချာဆုံးတစ်ခုက အနုပညာကို ၀ါသနာပါရုံမှတပါး၊ ခံစားတတ်ရုံမှတပါး အခြားမရှိတော့ပါဘူး ...
ဂစ်တာတီးခြင်းကို ပြင်းပြင်းပြပြ ၀ါသနာပါခဲ့ပေမယ့် ဦးစားပေးသင့်သော အမျိုးစုံလှသော ခေါင်းစဉ်တွေကြားမှာ ဘယ်လိုဂစ်တာမျိုးမှ ဖုန်တက်ခွင့် မရခဲ့၊ ဘယ်လို ၆ကြိုးမျိုးမှ သံချေးတက်ခွင့် မရခဲ့ပါဘူး ...
နောက်ဆုံးတော့ နှာစေးနေတဲ့ ကွန်ပျူတာကို ပြုစုရင်း၊ သေနေတဲ့ အကြောတွေက Keyboard နဲ့ Mouse ပေါ်မှာ လှုပ်ရှားရင်းနဲ့ မြောင်းထဲမှာ ပျော်ပါး ကျက်စားချင်ကြတဲ့ ရောင်စုံဘောလုံး အပိုင်းအစများ ညတိုင်းလိုလို အိပ်မက် မက်ဖူးခဲ့ပါတယ် ...
ပထမဆုံး စမက်ဖူးခဲ့တဲ့ ရောင်စုံဘောလုံး အိပ်မက်တစ်ခုပါ
Say Hello Here!
နောက်ပိုင်းမှာတော့
Draggin' My Soul
The Sinners
ကေ.တီ.အမ်
Sunday, March 22, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment