ခေါင်းစဉ်မရှိ (၂)
ရထားတစ်စင်းဆိုက်တိုင်း ဆင်းတဲ့သူဆင်း၊ တက်တဲ့သူ တက်နဲ့
သက္ကရာဇ်တွေ မရှိဘူး၊ ပြိုချင်သလိုပြိုခဲ့ကြ ဖြိုချင်သလိုဖြိုခဲ့ကြ
မြေပေါ်မှာကြောခင်း မြေအောက်မှာကြောခင်း
စကြာဝဠာရဲ့ အငွေ့အသက်တွေထဲမှာ ပျော်ချင်သလိုပျော်ခဲ့ကြတယ်
အရောင်အသွေးတွေစုံလင်ကြသလောက်
ရောင်စဉ်မဲ့ အလင်းတန်းတွေနဲ့ မိတ်ဖွဲ့ဖို့ရာ လမ်းစပင်ပျောက်
တံဆိပ်မျိုးစုံတပ် ရင်ကိုကော့လို့ ခေါင်းမော့ကြ
မနေ့က ဖြစ်ရပ်တွေကို တူးဖော်ရင်း ဆေးကြောဖို့ရာ အသိပင်မ၀င်
ငါးကမ္ဘာထိမက အဖန်များစွာ ကိုယ်လက်နဲ့ ကိုယ်တိုင် သေစေတယ်
နှလုံးသားပြဇာတ်ခုံပေါ်မှာ မိစ္ဆာမျိုးစုံ မြူတူး ကခုန်ခဲ့စေတယ်
ငါဆိုတဲ့ ပန်းကုံး လည်ပင်းကနေ မချွတ်ချင်သရွေ့တော့
နေအဖွဲ့အစည်းထိရောက်ဖို့ မကြိုးစားနဲ့တော့
ကိုယ်တိုင်သာ ပြန်မေးလိုက်ပါ
ဘေး ဘယ် ညာ ရှေ့ နောက် အတွက် အသုံးကျခဲ့ရဲ့လား
ကေ.တီ.အမ်
Friday, February 13, 2009
Subscribe to:
Post Comments (Atom)
2 comments:
နောက်ဆုံးအပိုဒ်လေးကို သဘောကျတယ်
ဖိုး2ပြောတဲ့စကားရှိဘူးတယ်
ရှေ့နောက်မညီတာ စိတ်ဓါတ်မကျနဲ့ဦး
အသုံးကျအောင် အသုံးချတက်ခဲ့ရဲ့လားပဲ စဉ်းစားရမယ်တဲ့
အဲစကားလုံးလေးမြင်တော့ ဖိုး2ကို သတိရသွားတယ်
ငါဆိုတဲ့ ပန်းကုံးက အတော်ချွတ်ရခက်သားအကို
လွယ်တဲ့အလုပ်က မရှိဘူးဆိုတော့ ခက်ပေမဲ့လည်းလုပ်ရတော့မှာဘဲနော်
Post a Comment