ကြွေလွန်ခဲ့သော ဖဲချပ်တစ်ချပ်
မင်းထိုးခဲ့တဲ့
စစ်တုရင်ကစားဝိုင်းမှာ
ခြေအစုံချဖို့အတွက်
နေရာလေးတစ်ခု ရှိနေတာကို
ကျေနပ်နေခဲ့သူပါ ...
ဒီလိုသာနေခဲ့ရင်း
နာရီတွေသာ ခရီးလွန်ခဲ့တယ်
ငါက
ပူကျစ်တောက်ပတဲ့ နေကို
အံတုရဲခဲ့တဲ့ နှင်းစက်တွေလိုမျိုး ...
နောက်ထပ်
ငါ့အတွက် ဘာကစားကွက်မှ
မလိုအပ်တော့ပါဘူး
အသည်းကို အစားခံဖို့
ဘ၀က လည်မျိုမှာ ဓါးရာအထပ်ထပ်နဲ့
ငါ့လက်ထဲက ဖဲချပ်ဟာလည်း
ပြာကျ ကြွေလွင့်ခဲ့နှင့်ပေါ့ ...
ကေ.တီ.အမ်
(၂၃း၃၄၊ ၂၄.၀၁.၂၀၀၉)
Sunday, January 25, 2009
Subscribe to:
Post Comments (Atom)
1 comment:
“ပူကျစ်တောက်ပတဲ့ နေကို
အံတုရဲခဲ့တဲ့ နှင်းစက်တွေလိုမျိုး” စကားလုံးကို အရမ်းသဘောကျမိပါတယ်။ ကဗျာကောင်းတစ်ပုဒ်ပါပဲ...
Post a Comment