ပင့်ကူတစ်ကောင်၏ အထုပ္ပတ္တိ
ပင့်ကူသည် ပင့်ကူတစ်ကောင်ဖြစ်သည်။
နေထိုင်သောအရပ်ဝန်းကျင်သည်လည်း ပင့်ကူတစ်ကောင်နေထိုင်သော အရပ်ဒေသကဲ့သို့ဖြစ်သည်။
ရှာဖွေစားသောက်ခြင်းများသည်ကား ပင့်ကူတစ်ကောင်အတိုင်း ကျင့်ကြံစားသောက်သည်။
ပင့်ကူတွင်မူ … အခန်းထောင့်တွင်ရှိ ဖုန်အလိပ်လိပ်ထ၊ အမျှင်အတန်းများ ရစ်ပတ်နှောင်ဖွဲ့သော ဦးနှောက်မျိုးသာရှိသည်။
...
သို့သော် ပင့်ကူတွင် … တုတ်တစ်ချောင်းရှိသည်။
ပင့်ကူသည် လူအမြင်ကပ်အောင်လည်း နေတတ်သည်။
ပင့်ကူသည် ခြေများသောကြောင့် ခေါင်းပေါင်းများစွာလည်း နင်းခဲ့၊ ဖောက်ခဲ့ဖူးသည်။
...
ယခုအခါ ပင့်ကူတွင် အတောင်တပ်ခြင်းခံရသည်။
ပင့်ကူပျံသန်းနေရသော အရပ်ဒေသများသည် ပင့်ကူနှင့်လားလားမျှ မသက်ဆိုင်။
သို့သော်ငြား ပင့်ကူ၏ နောက်တွင် တုတ်တစ်ချောင်းမကရှိသည်။
ပင့်ကူသိသည်။ ပင့်ကူ ပျံရမည် သန်းရမည်။
ပင့်ကူ၏ နေ၀င်ချိန် မရောက်သရွေ့ ပင့်ကူ တောင်ပံများနှင့်သာ အချိန်ကုန်ရမည်။
...
ပင့်ကူ ...
ကေ.တီ.အမ်
Sunday, January 4, 2009
Subscribe to:
Post Comments (Atom)
1 comment:
zat paung thaw pin ku thee mg kyi thar pyit eii.
haha hehe hehe huehuehue
Post a Comment