ကကြိုး
ညှင်သာလိုက်ကြတာ
ခန္ဓာပေါ်ထိတဲ့ လက်တွေက
ရေတစ်စက်မက အပေါက်ပေါက်ကျလို့
မျက်လုံးဖွင့် အသက်ရှုတိုင်း
ဘာသာမဲ့စွာ နှလုံးခုန်ရင်း
အသောက်အစားမပြတ်ခဲ့
နေ့တလှည့် ညတလှည့်
တိမ်တွေစုံလင်ခဲ့ကြတယ်
ကြယ်တွေစုံလင်ခဲ့ကြတယ်
နှုတ်မဆက်ပဲလည်း ဝေ
နှုတ်မဆက်ပဲလည်း ကြွေ
သီချင်းတစ်ပုဒ် စညဉ်းတတ်တော့
မြင်မြင်သမျှဝန်းကျင်
သစ်ပင်စိမ်းစိမ်းတွေ
သီးလို့ပွင့်လို့ …
အရိပ်ကိုခိုဖူးခဲ့တယ်
အကိုင်းကိုချိုးဖူးခဲ့တယ်
အသီးကိုစားဖူးခဲ့တယ်
အခုတော့
အလင်းတွေ ပစ်ချရင်း
လွတ်လပ်ခြင်းတွေ ပစ်ချရင်း
နေ၀င်ချိန်တွေပဲ ရခဲ့တယ်
ကေ.တီ.အမ်
Wednesday, July 23, 2008
Monday, July 21, 2008
Sunday, July 20, 2008
ခေါင်းစဉ်မရှိ (၁)
ခေါင်းစဉ်မရှိ (၁)
အဖေ…
ခြောက်ဆယ့်တစ်နှစ်တော့
တိုင်ခဲ့ပါပြီ
ခြေလှမ်းတွေ အဆက်မပြတ်ပါဘူး
အလှမ်းသုံးဆယ်
အလှမ်းငါးဆယ်
ကျောပြင်တွေတောင်
အစက်အပြောက် ဘ၀နဲ့ပေါ့
ကေ.တီ.အမ်
အဖေ…
ခြောက်ဆယ့်တစ်နှစ်တော့
တိုင်ခဲ့ပါပြီ
ခြေလှမ်းတွေ အဆက်မပြတ်ပါဘူး
အလှမ်းသုံးဆယ်
အလှမ်းငါးဆယ်
ကျောပြင်တွေတောင်
အစက်အပြောက် ဘ၀နဲ့ပေါ့
ကေ.တီ.အမ်
Labels:
ကျွန်တော်နှင့်စာသားများ
Thursday, July 17, 2008
ကိုအငဲရဲ့ ၀ိဥာဉ်များနှင့်ကခုန်ခြင်း အင်္ဂလိပ်မူရင်း အယ်လ်ဘမ်ပါ

ကျွန်တော့်ဆီမှာရှိတဲ့ IC က ကိုလေးဖြူ၊ ကိုအငဲ၊ ကိုမျိုးကြီးတို့ရဲ့ အင်္ဂလိပ်မူရင်းသီချင်းတွေ ဆက်တိုက်တင်သွားမှာပါ။ တစ်ချို့အယ်လ်ဘမ်တွေမှာ ကျွန်တော်မသိတဲ့ သီချင်းတွေလည်းရှိပါတယ်။ ကိုယ်သိတဲ့ သီချင်းဆိုရင်တော့ Cbox မှာ အဆိုတော်နာမည်နဲ့ သီချင်းနာမည်လေး ဝေမျှပေးကြပါ။ ကျွန်တော်ကိုယ်တိုင်ပဲ ရှာလိုက်ပါ့မယ်။
အခုကတော့ ကိုအငဲရဲ့ ၀ိဥာဉ်များနှင့်ကခုန်ခြင်း မူရင်းအယ်လ်ဘမ်ပါ။

01.Mr.Big - Wild World
02.Mr.Big - The Whole World's Gonna Know
03.Michael Schenker Group - Love Is Not A Game
04.House Of Lords - Love Don't Lie
05.Bryan Adams - Kids Wanna Rock
06.House Of Lords - Jealous Heart
07.Savatage - Gutter Ballet
08.Roxx Gang - No Easy Way Out
09.Styx - Show Me The Way
10.Rainbow - Street Of Dreams
11.Gary Moore - Walking By Myself
12.The Outfield - Talk To Me
13.Bad English - Time Stood Still
14.Jetboy - Stomp It Down To The Bricks
ဂစ်တာသမားများအတွက် Website မှာရှာလို့ရတဲ့ Guitar Pro Tab တွေတင်လိုက်ပါတယ်။ ဂစ်တာတဘ်တွေ ယူမယ်ဆိုရင်တော့ ။

ဂီတ
Wednesday, July 16, 2008
Flash Lesson
Flash Lesson
ကျွန်တော်လည်း ယောင်ဝါးလိုက်နေတာ ဘလော့ခ်နဲ့ ပတ်သတ်ပြီးတော့လည်း ဘာမှမလုပ်ဖြစ်ဘူး။ အခုလည်း တင်စရာ ပို့စ် မရှိတာနဲ့ ကျွန်တော် စမ်းတ၀ါးဝါးလုပ်ထားတဲ့ Flash Lesson ပုံတွေနဲ့ မြန်မာလိုရေးထားတာလေး တင်လိုက်ပါတယ်။ Programmin' နဲ့ပတ်သတ်ပြီးတော့ နားမလည်ပါဘူး။ ဟိုကူးချဒီကူးချပါပဲ။ Flash Creatin' ၀ါသနာပါသူများအတွက်ပါ။ သိပြီးတတ်ပြီးသား သူတွေအတွက်တော့ မလိုအပ်တော့တဲ့ အကြောင်းအရာတွေပါ။ Version အနေနဲ့ Macromeida Falsh 8 version ကိုပဲ အသုံးပြုပါ။
ဒီပို့စ်ကို တင်ရတာကလည်း Cbox မှာ ကျွန်တော့်အစ်ကိုတစ်ယောက် ကိုAHK(များနေပြီ post အသစ်လည်း မတင်ဘူး) ဆိုလို့ ပို့စ်အသစ်တစ်ခု တင်လိုက်တာပါ။
Flash Lesson.Doc
Text Animation Lesson.Doc
The Gradient Bevel Filter Lesson.Doc

ကွန်ပျူတာ
Tuesday, July 1, 2008
Joe Satriani - Professor Satchafunkilus And The Musterion Of Rock(2008)

Joe Satriani (Joseph “Satch” Satriani) ဆိုတာနဲ့ ဂစ်တာတီးတဲ့သူတိုင်းလိုလို သိနေကြမယ်ဆိုတာ တွေးကြည့်နေဖို့ မလိုတော့ပါဘူး။ Joe ကို ၁၅ ဇူလိုင် ၁၉၅၆ခုနှစ် Westbury, New York, U.S မှာမွေးဖွားခဲ့ပါတယ်။ Guitarist တစ်ယောက်ဖြစ်သလို Former Guitar Instructor တစ်ယောက်လည်းဖြစ်ပါတယ်။ Joe အကြိုက်ဆုံး Guitarists တွေကတော့ Jimi Hendrix, Jimmy Page နဲ့ Jeff Beck တို့ပဲဖြစ်ပါတယ်။ Joe အသုံးပြုတဲ့ ဂစ်တာကတော့ သူ့ကိုယ်ပိုင် Signature ဖြစ်တဲ့ Ibanez အမျိုးအစား JS Series ဂစ်တာတွေပါ။ Amplifier ကလည်း Joe Signature amp: the Peavey JSX ပဲဖြစ်ပါတယ်။ Joe ရဲ့ ပထမဦးဆုံး Album (Not of This Earth) ကတော့ ၁၉၈၆ခုနှစ် မှာထွက်ခဲ့တာဖြစ်ပြီး Instrumental rock အမျိုးစားတွေကို တီးခတ်ခဲ့တာပါ။ Read More
Joe ရဲ့ ဖန်တီးမှုဖြစ်တဲ့ နောက်ဆုံး 2008 Album(Professor Satchafunkilus and the Musterion of Rock)ပါ။
ဂစ်တာရောင်းရင်းများ၊ Instrumental Rock ကြိုက်သူများအတွက် တင်ပေးလိုက်ပါတယ်။

01 - Musterion
02 - Overdriver
03 - I Just Wanna Rock
04 - Professor Satchafunkilus
05 - Revelation
06 - Come On Baby
07 - Out Of The Sunrise
08 - Diddle-Y-A-Doo-Dat
09 - Asik Vaysel
10 - Andalusia
02 - Overdriver
03 - I Just Wanna Rock
04 - Professor Satchafunkilus
05 - Revelation
06 - Come On Baby
07 - Out Of The Sunrise
08 - Diddle-Y-A-Doo-Dat
09 - Asik Vaysel
10 - Andalusia
ကေ.တီ.အမ်
Labels:
ဂီတ
Subscribe to:
Posts (Atom)