မွန်းတည့်ချိန် … ကြယ်ကြွေသံများ
ရှေ့ကိုကြည့်မိတယ်
င ရေးချ ငါ
နောက်ကိုကြည့်ပြန်တော့
င ရေးချငါ ပဲ
ရပ်ကြည့်သွား မီးပွိုင့်အလုပ်မလုပ်
အချိန်ရှိသမျှ ရှိတဲ့အချိန်တိုင်း
အရေခွံမခွာ ငါ့အားငါပြန်ဝါးမြို
အတ္တတွေ …
နှာစေးဖို့ကိုမေ့နေတယ်
မင်းမသွားသေးဘူးလား
မွန်းတည့်နေပြီ
နေ၀င်ချိန်တွေ ဘာအတွက်များ
အားကိုးနေတာလည်း
ကွေးလက်အခိုက်အတန့်
ကြွေကျကုန်တဲ့ အသက်ရှူသံတွေ
ကဲ ဘာဆက်လုပ်မှာလဲ
ကေ.တီ.အမ်
Monday, September 22, 2008
Subscribe to:
Post Comments (Atom)
1 comment:
ဘာဆက်လုပ်မလဲ မေးတော့ ကျွန်တော်လည်း မဖြေတတ်တော့ဘူး :)
လာရောက်ခံစားသွားပါတယ်
Post a Comment