Thursday, December 4, 2008

စုန်းမတစ်ကောင်ရဲ့ ...

စုန်းမတစ်ကောင်ရဲ့ ...

ယောက်ျားတစ်ယောက်ရဲ့ ကျောပြင်
ချစ်လွန်းလို့ လမ်းတလျှောက်ထမ်းပိုးခဲ့တာ
နွားတစ်ကောင်လို ရုန်းနေတာမဟုတ်ဘူး
ငါ့ကတိတွေကို
မီးလောင်တိုက် သွင်းခဲ့ပြီးပြီ.....
ရေအိုင်ပွက်တာတဲ့လား
လှိုင်းရိုက်ခတ်သွားခဲ့တာပါ

မိုးရွာထဲ.. ပန်းချီဆွဲတဲ့ ငါဘ၀ ...
ဝိုးတိုးဝါးတားနဲ့
ခြေလှမ်းတိုင်းလည်း ..
သစ်ခြောက်ရွက်တွေပဲခစားကြ
ရေကြည်စရာမလိုသလို ...
မြက်နုလည်း ငါမစောင့်ဘူး

စုန်းမလို မင်းလက်တွေ
ငါ့အသည်းကို လာမကိုင်ပါနဲ့တော့
အဲဒီလို ..
ကတိကိုငြင်းလိုက်တာက ...
နောက်ထပ်ကတိတစ်ခု
ပေးလိုက်တယ်ဆိုတာ
မင်း … အမြဲအမှတ်ရနေအောင်
တကိုယ်လုံးသာ စုတ်ထိုးထားလိုက်

ကေ.တီ.အမ်

2 comments:

ရွှေပြည်သူ (ShwePyiThu) said...

တကယ်ကောင်းတဲ့ ကဗျာတစ်ပုဒ်ပါ။ ကဗျာထဲမှာ ခံစားချက်နဲ့အတူ အားတွေကိုပါ ခံစားလိုက်ရပါတယ်...

mptk said...

နွားတစ်ကောင်လို ရုန်းနေတာမဟုတ်ဘူး>>ဟော့ သူ နွားဖြစ်သွားပြန်ပြီ