Sunday, June 22, 2008

ဂိုဒေါင်ဆောက်၊ ဆာလာအိတ် တည်ဖို့လို

ဂိုဒေါင်ဆောက်၊ ဆာလာအိတ် တည်ဖို့လို

ဆက်တင်မျိုးစုံနှင့်
အတုအယောင်လှေကားထစ်
အတက်အဆင်းများလွန်းလို့
ရောက်တဲ့နေရာရပ်
တုတ်တစ်ချောင် ထောင်ဘူးခဲ့

အတောင်မထွက်လည်း
လမ်းလျှောက်တတ်ခဲ့ပြီမို့
မိကျောင်းတစ်ကောင်ရဲ့
မျက်ရည်ကိုပဲ
ဦးနှောက်အပြည့် ဆေးမင်းထိုး

နှလုံးသားမှာ ဖေးမဖို့
ကမ်းလက်တစ်စုံတော့ မပေါက်ခဲ့ဘူး
အစွယ်ပေါက်တတ်ခဲ့လို့
သွေးညှီနံ့ရတိုင်း
စားရကောင်းမှန်း
ပိုပိုသိခဲ့ပြီ

ဝတ်ရုံခြုံခဲ့တိုင်းလည်း
မှန်နံရံတွေပဲ
အက်ကြောင်းထနေခဲ့တာ
အမြင်အာရုံတွေတော့
အာသာကိုမပြေခဲ့ဘူး
ဖားဖား လျားလျားနဲ့
ကိုယ်တိုင်လည်း ဦးဆောင်
ကိုယ်တိုင်လည်း နောက်လိုက်
အင်္ကျီအိတ်တွေတောင်
ကြီးပြင်းခဲ့ပေါ့

ကေ.တီ.အမ်

1 comment:

ညိမ်းညို said...

ဒီကဗျာကို တအားကြိုက်တယ်ဗျာ။